Header Ads

♪ “ကိုယ်ဝန် မရအောင် အကြံပေးမယ့် App” ♫

“ကိုယ်ဝန် မရအောင် အကြံပေးမယ့် App”
No automatic alt text available.
Clue အမည်ရ App က အမျိုးသမီးများရဲ့ ဓမ္မတာစက်ဝန်းကို စောင့်ကြည့် ပေးပြီး ဓမ္မတာလာမယ့် နေ့ရက်များကို တွက်ချက်ပေးပါတယ်။ သူက အမျိုးသမီးများ ကိုယ်ဝန်ရနိုင်မှု အခြေအနေများကို လည်းတွက်ချက် ပေးနိုင်ပါတယ်။


 
ကုမ္ပဏီက ကိုယ်ဝန်တားဆေးများဟာ ဓမ္မတာ စက်ဝန်း ကို အကျိုးသက်ရောက်ပုံကိုအမျိုးသမီးများနားလည်စေတဲ့ Smart Pill Tracking စွမ်းဆောင်ချက်ကိုသူ့ရဲ့ App မှာထည့်သွင်းဖို့ ဖန်တီးနေပါ တယ်။ အမျိုးသမီးများကဆေးသောက်တဲ့ အချိန်များကို App မှာ ထည့်သွင်းရမှာ ဖြစ်ပါတယ်။ အတိအကျအားဖြင့် ဆေးသောက်ချိန် နောက်ကျခြင်း၊ ဆေးသောက်ဖို့ မေ့ခြင်း၊ ဆေးနှစ်ကြိမ် သောက်မိခြင်း စတဲ့ ဒေတာများကိုထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။

App က ဆေးသောက်တဲ့ ဒေတာများအပေါ် မူတည်၍ ကိုယ်ဝန်ရနိုင်မယ့် အခြေအနေကိုတွက်ချက်ပေးနိုင်ပါတယ်။ ဥပမာအားဖြင့် နေ့တစ်နေ့ အတွက် ဆေးသောက်ဖို့ မေ့သွားခဲ့ရင် သူက ကိုယ်ဝန် မရအောင် ပြုလုပ်ရမယ့် နည်းလမ်းများကိုအကြံပြုပြသပေးမှာ ဖြစ်ပါတယ်။ အဲဒီ အကြံပြုချက်များကိုရယူဖို့ ဖုန်းကိုလှုပ်ခါလိုက်ရုံပဲလို့ ကုမ္ပဏီရဲ့ ၀က်ဆိုက် မှာ ရေးသားထားပါတယ်။ သူ့မှာဆေးသောက်ရမယ့် နေ့ရက်တွေမှာသတိ ပေးနိုင်မယ့် Alarm စွမ်းဆောင်ချက်လည်းပါပါတယ်။

စွမ်းဆောင်ချက် အသစ်များကိုအသုံးပြုဖို့အတွက် နောက်ဆုံးထုတ် Clue App ကိုအဆင့်မြှင့်ရမှာ ဖြစ်ပါတယ်။ Clue က မတည့်တဲ့ ကိုယ်ဝန် တားဆေးများ သောက်ရင် ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်း၊ မအီမသာ ဖြစ်ခြင်းတို့လိုလက္ခဏာများကိုလည်းပြောပြပေးနိုင်တယ်လို့ အသုံးပြုသူ တစ်ယောက်က မှတ်ချက်ရေးသားထားပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
Download Clue apk 3.5.9:
Size - 14.32 MB
Choose a server location to download the apk file:

Please verify the apk file integrity after you download:
 
MMEBOOK. Powered by Blogger.