Header Ads

ကိုသီရိဆိုတဲ့လူ ဖြေနေတဲ့ ရုပ်သံ

ကိုသီရိဆိုတဲ့လူ ဖြေနေတဲ့ ရုပ်သံ



နေပြည်တော် သာ/ဝန်ကို ဆန္ဒပြပွဲမှာ ဟော ပြောနေချိန်မှာ မထင်မှတ်ပဲ ပြဿ နာ တစ်ခု ဖြစ်သွား ခဲ့ပါသည်။


 ပြဿ နာ ရှာသူကတော့ လက်မောင်းမှာ တက်တူး ထိုး ထားတဲ့ရဟန်းတစ်ပါးဖြစ်ပါသည်။ အဒီကိုယ်တော်သည် ရန်ကုန်အဖွဲ့ကလည်း မဟုတ် သလို မန်းအဖွဲ့ကလည်း မဟုတ်ပါဘူး။

အထက်မြန်မာပြည် မျိုးချစ်များ ချီတက်လာချိန်မှာ တားဆီးသူတွေနဲ့ တားဆီးတဲ့နေရာမှာ ကြိုရောက် နေပါသည်။
ဒီကိုယ်တော် ပွဲဆူအောင်လုပ်လို့ ပေါက်ကိုယ်တော် ကိုယ်တိုင် ထိန်းခဲ့တာကို တားဆီးသူ သာသနာရေး ဦးစီးမှူးကိုယ်တိုင် သိခဲ့ပါသည်။

ဟောပြောချိန် ရောက်တော့လည်း ကွေ့လည်း ကြောင်ပတ်လုပ်ပြီး ပြဿ နာ ရှာရန် ကြံစည်နေပါ သည်။ အဒီအချိန်မှာ ရန်ကုန်သား ကိုသီရိ မူးပြီး ဟော ပြောသူ ဆရာတော် တစ်ပါးကို ထောက်ခံနေပါသည်။

ဟောပြောသူ ဆရာတော်ဟာ ဦးဝီရသူ နဲ့ မီဒီယာ ဆွေဝင်း အကြောင်း ထည့်ပြောချိန်မှာ ကိုသီရိ စိတ်တို ပြီး ဆွေဝင်းကို ဆဲသည် ထင်ပါသည်။
ဒါကို အခွင့်ကောင်းယူပြီး ဘယ်ချိန်ကထဲက ကိုသီရိ အနားရောက်နေမှန်း မသိတဲ့ ကိုတော်ဟာ ဦးဝီရသူကို ကိုသီရိက ဆဲ သည်ဆိုပြီး ပွဲပျက်အောင် ပွဲဆူအောင် ကိုသီရိ ကို ပြဿန နာရှာပါတော့သည်။

ပြဿ နာ စဖြစ်ချိန်မှာပဲ မီဒီယာတွေ ဝိုင်းနေပါသည်။ ဦးဇင်းလည်း အဒီကိုယ်တော်အကြောင်းသိတဲ့ အတွ က် ကိုသီရိကို အဒီကိုယ်တော် လက်ထဲမှ ဆွဲခေါ်ပြီွးှဲရဲလက်ထဲ အပ်ပေးလိုက်ပါသည်။

ရဲအပ်ပြီး အဒီကိုယ်တော်ကို လိုက်ရှာတော့ မတွေ့ တော့ပါဘူး။ ဘေးပတ်ဝန်းကျင်ကို ဖြစ်စဉ်မေးတော့ ဦး ဝီရသူကို
ကိုသီရိက ဆဲလို့ဘုရားဆိုပြီး ပြောပါသည်။

ဘယ်သူပြောတာလည်းမေးတော့ အဒီကိုယ်တော် ပြောတာဘုရား ဖြေပါသည်။ ဆဲတာ ဘယ်သူ သိလည်း ဘယ်သူကြားလည်း
လူရော ဘုန်းကြီးရော လိုက်မေးတော့ ဘယ်သူမှ မကြားကြောင်း ဖြေပါသည်။ သေချာတာ တစ်ခုကတော့ ကိုသီရိ ဦးဝီရသူကို
လုံးဝမဆဲပါ။

တက်တူး ထိုးထားသော ကိုယ်တော် ဓါတ်ပုံဟာ မီဒီယာတွေ လက်ထဲမှာ ရှိတာတော့ သေချာသည်။ ပြဿ နာကို ဘယ်သူကဖန်တီးတာ မသိပေမယ့်။

ဖြစ်နေသူ ကိုသီရိ ရန်ကုန် အမည်မသိ အဖွဲ့ထဲမပါ လက်မောင်းမှာ တက်တူးထိုးထားသော ကိုယ်တော် တစ်ပါးနဲ့ ကိုသီရိ အရက်သမားနဲ့ ရန်ဖြစ်နေတာကို မြင်တော့ ပွဲမပျက်အောင် ပွဲမဆူအောင် ရဲလက်ထဲ မအပ်ချင်တော့လည်း မဖြစ်လို့အပ်လိုက်ရတာကို
ရန်ကုန် မျိုးချစ် ညီအစ်ကို မောင်နှမတွေ နားလည်မှာ ပါ။
MMEBOOK. Powered by Blogger.