Header Ads

သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကိုကြည့်ရမယ့် “ချိုမြိန်သောလက်စားချေခြင်း”

သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကိုကြည့်ရမယ့်
“ချိုမြိန်သောလက်စားချေခြင်း”
စာရေးဆရာမ လွန်းထားထားရဲ့ လူကြိုက်များတဲ့ ဝတ္ထုကို ရိုက်ကူးထားတဲ့ “ချိုမြိန်သော လက်စားချေခြင်း” ရုပ်ရှင်ဇာတ်ကားကြီးကို ဒီလ ၁၉ ရက်မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ နမူနာကို လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တဲ့နေ့ကစပြီး တစ်ရက်တည်းမှာပဲ ကြည့်ရှု သူပရိသတ် တစ်သိန်းကျော်ခဲ့ကာ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ရုပ်ရှင်ကား တစ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ မီးပွားက ရိုက်ကူးထားတာဖြစ်ပြီး သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း တစ်ပုဒ် အဖြစ် ရသများစွာကို ခံစားရစေမှာပါ။

ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ ရွှေမှုံရတီ နဲ့ ခင်ဝင့်ဝါတို့က အဓိက ပါဝင်သရုပ် ဆောင်ထားပြီး တခြားဝါရင့်အနုပညာရှင်များစွာ ပါဝင်ထားပါတယ်။


ရုပ်သံသတင်းထောက် - အေးမြတ်

MMEBOOK. Powered by Blogger.