Header Ads

"ရင်​နင့်​​ကြေကွဲစရာ အဖြစ်​​အပျက်​ တခု"

"ရင်​နင့်​​ကြေကွဲစရာ အဖြစ်​​အပျက်​ တခု" 

အရွယ်​မ​ရောက်​​သေးတဲ့ မိန်းက​လေးတစ်​​ယောက်​ ဘာသာခြား ​ကောင်​​လေးနဲ့ ခိုးရာလိုက်​​ပြေး​တော့ မိဘ​တွေက သ​ဘောမတူသလို ဥပ​ဒေအရအသက်​မပြည့်​​သေးတဲ့အတွက်​ နှစ်​ဖက်​မိဘ​တွေ​ရှေ့မှာ ခွဲ​ပေးပြီး မိဘ​တွေလက်​ထဲ အပ်​​ပေးလိုက်​တယ်​။

အကိုဖြစ်​တဲ့သူက ဇရှိတဲ့သူတစ်​​ယောက်​ဖြစ်​​နေ​တော့ ကျ​နော်​ က "ဒီကိစ္စမျိုးက ​ဒေါသနဲ့စိတ်​လိုက်​မာန်​ပါလုပ်​လို့မရဘူး...စိတ်​​အေး​အေးထား၍ ​ချော့​မော့ပြီး ​ဖျောင်းဖျ​ပြောဆိုရမယ်​...ကိုယ့်​ညီမ ကိုယ့်​ဆီပြန်​​ရောက်​​နေပီဘဲ့ အခက်​ခဲရှိရင်​လည်းလာခဲ့..ကူညီ​ဆောင်​ရွက်​​ပေးမယ်​" လို့ အတတ်​နိုင်​​ဆုံး​ဖြောင်းဖျ ​ပြောဆို​တာ့... "ဟုတ်​ကဲ့ပါအစ်​ကို...မဖြစ်​​စေရပါဘူး ကျ​နော်​ကိုယ်​ကျ​နော်​ထိန်းပါ့မယ်​" လို့​... ပြောပြီး ပြန်​သွားလိုက်​တာ။

မိနစ်​ ၂၀ ခန့်​ကြာ​တော့....ဖုန်းဆက်​လာတယ်​...အစ်​ကိုအရင်းက ညီမအရင်းကို သစ်​သားတုတ်​နဲ့ရိုက်​လိုက်​ပီတဲ့။

ကျ​နော်​​ရောက်​သွား​တော့ ဦး​ဏှောက်​မှာ ဟက်​တက်​ကွဲ​နေ​တော့ ​ဆေးရုံပို့ရပီ​ပေါ့​ဗျာ...​ငွေ​ကြေးမတတ်​နိုင်​​တော့လည်း....နီးစပ်​ရာ​ဆေးရုံမှာဘဲ့...​ဆေးကုသရတာ​ပေါ့ ဗျာ။

ဆေးရုံးတက်​ပြီး ၇ ရက်​​မြောက်​တဲ့​နေ့မှာ သူ့ညီမ​လေးဆုံး​တော့ အစ်​ကိုဖြစ်​သူကို ဖမ်းရပြီ​ပေါ့။ အ​မေလုပ်​တဲ့သူခမြာ....ရင်​ကြိုးရပီ​ပေါ့...ကြားရတဲ့သူတိုင်းကလည်း...စိတ်​မ​ကောင်းဖြစ်​ရပီ​ပေါ့ ....

ဒါ​ကြောင့်​....ကျ​နော်​တို့ရဲ့ ညီအစ်​ကို​မောင်​နှ​မ​တွေအားလုံး ဒီအဖြစ်​အပျက်​ကို...သင်​ခန်းစာယူပီး.... ယခုလို ရင်နင့်စရာ​​အဖြစ်​အပျက်​မျိုးမဖြစ်​ရ​လေ​အောင်​...ဘာသာတရားအဆုံးအမ​အောက်​မှာ သတိပြု ဆင်​ခြင်​ထိမ်းသိန်းနိုင်​ကြပါ​စေလို့...ဆန္ဒပြုရင်း။

👏 နှလုံးသားမှာ ဘုရားတည်​နိုင်​ကြပါ​စေ
MMEBOOK. Powered by Blogger.