ရွှေမှုံရတီချေတယ်ဆိုလို့ ဗီဒီယိုဖိုင်ကြည့်လိုက်ပါ
ရွှေမှုံရတီချေတယ်ဆိုလို့ ဗီဒီယိုဖိုင်ကြည့်လိုက်ပါ
***************************
ချိုမြိန်သောလက်စားချေခြင်းဆိုတဲ့ရုပ်ရှင်ဇာတ်ကားထဲမှာစိုင်းစိုင်းခမ်းလှိုင် ခင်ဝင့်ဝါတို့နဲ့ပါဝင်သရုပ်ဆောင်ထားတဲ့ ရွှေမှုံရတီ ကဇာတ်ကားထဲမှာအချစ်အတွက်လက်စားချေတတ်တဲ့ ဗီလိန်ဇာတ်ရုပ်နဲ့အတူ ပရိသတ်တွေနဲ့စိတ်ကိုဆွဲဆောင်မှူရှိရှိနဲ့သရုပ်ဆောင်သွားနိုင်တဲ့အတွက် ရွှေမှုံရတီကိုတွေ့ဆုံခိုက် အင်တာဗျူး ဖြစ်ခဲ့ပါတယ် မေလ၁၆ရက်နေ့ကလည်းရွှေမှုံရတီရဲ့၁၉နှစ်ပြည့်မွေးနေ့ဖြစ်တဲ့အတွက် မွေးနေ့အစီအစဉ်တွေကိုလည်းမေးမြန်းဖြစ်ခဲ့ပါတယ်။
မေး- ချိုမြိန်သောလက်စားချေခြင်းဆိုတဲ့ရုပ်ရှင်ဇာတ်ကားထဲကဇာတ်ကောင်ပုံစံမျိုးကရိုက်လေ့ရိုက်ထမရှိတော့ဇာတ်ရုပ်ကိုလက်ခံဖြစ်ခဲ့တာကိုလည်းပြောပြပေးပါဦး?
ဖြေ-ဘာလို့လဲဆိုတော့ကာရိုက်တာကိုကြိုက်လို့ တစ်ချို့တွေဆိုရင်ဒီလိုကာရိုက်တာမျိုးကိုလက်ခံရမှာကြောက်ကြတယ် သူတို့တွေဒါမျိုးဆိုသိပ်မရိုက်ရဲကြဘူး ညီမကဗီလိန်ဆိုတာထက်ဇာတ်ရုပ်ကိုအကောင်းဆုံးလုပ်ပြီးတော့ဦးမီးပွားနဲ့အကောင်းဆုံးကြိုးစားကြည့်မယ်ဆိုပြီး လက်ခံရိုက်ကူးဖြစ်ခဲ့တာပါ။
ဖြေ- ညီမကတော့အဓိကဗီလိန်ဆိုတာထက်ဇာတ်ရုပ်ကိုပဲဦးစားပေးတယ်ပြီးတော့ညီမကကိုယ်လုပ်ရမယ့်အခန်းကဏ္ဍပေါ်မူတည်ပြီးတော့ပဲ လုပ်သွားမှာပါ။
မေး-ရွှေမှုံရိုက်ရတဲ့ကာရိုက်တာကိုအရင်ကမင်းသမီးတစ်ယောက်ကရိုက်ဖို့ငြင်းခဲ့တယ် ကိုယ်ကသူများမရိုက်ရဲတဲ့ ဇာတ်ရုပ်ကိုရိုက်ရတဲ့အပေါ်ခံစားမှူကရော?
ဖြေ- အဲ့ဒါမျိုးတော့ညီမမပြောတတ်ပါဘူးဘယ်လိုပဲဖြစ်နေဖြစ်နေညီမဆီလာတဲ့ဇာတ်ရုပ်ကိုသေချာစစ်ထုတ်တယ်လက်ခံတယ်ကြိုက်တဲ့ဇာတ်ရုပ်ကိုအကောင်းဆုံးဖြစ်အောင်ရွေးပြီးတော့သရုပ်ဆောင်တယ်ဒီဟာကလည်းအကောင်းဆုံးထဲကဇာတ်တစ်ခုဖြစ်တဲ့အတွက်ကြောင့်လက်ခံတာပါ။
မေး- အဲ့ဒီ့ထဲကရွှေမှုံရတီနဲ့အခုလက်ရှိရွှေမှုံရတီကတော်တော်လေးတော့ပြောင်းလဲသွားပြီနော်?
ဖြေ- အဲ့ဒီကားထဲမှာအရမ်းပိန်တယ်အစားတစ်အားလျှော့တယိ ကျန်းမာရေးကလည်းမကောင်းဘူး အခုကျတော့ဝိတ်သိပ်မလျှော့ ဖြစ်တော့သလို ကျန်းမာရေးလည်းကောင်းလာတယ် ခန္ဓာကိုယ် ရှိသင့်သလောက် ကိုရှိလာတယ်။
မေး- အဲ့ဒီတုန်းကနဲ့ကိုယ်ကိုယ်ကိုယ်လိုအပ်နေတဲ့စိတ်အနေအထားနဲ့ အခုလက်ရှိစိတ်အနေအထားကရောဘာတွေပြောင်းလဲသွားလဲ?
ဖြေ- မရင့်ကျက်တာနဲ့ရင့်ကျက်သွားတာတွေကွာသွားတာပေါ့။