Header Ads

တစ်မိနစ်စာ အမြည်းဗီဒီယိုဖိုင်ကို တစ်ရက်အတွင်း ကြည့်ရှုသူ ရှစ်သိန်းကျော်ခဲ့သည့် ‘ဒုဋ္ဌဝတီကိုလွန်၍’

တစ်မိနစ်စာ အမြည်းဗီဒီယိုဖိုင်ကို တစ်ရက်အတွင်း ကြည့်ရှုသူ ရှစ်သိန်းကျော်ခဲ့သည့် ‘ဒုဋ္ဌဝတီကိုလွန်၍’
*******************************
တစ်မိနစ်စာ အမြည်း တင်ခဲ့သည့် ‘ဒုဋ္ဌဝတီကိုလွန်၍’ ဗီဒီယိုကို အားပေးသလို ရုံတင်ပါကလည်း အားပေးစေလို ကြောင်း ဒါရိုက်တာအာကာက ပြောသည်။

‘‘ကျွန်တော့်ရဲ့ ပထမဆုံးရုပ် ရှင်ဖြစ်တဲ့အတွက် အကောင်းဆုံး လုပ်ထားတယ်။ ထွက်လာတဲ့အ ခါကျရင်လည်း ပရိသတ်က အား ပေးဖို့ပေါ့။ အားပေးမှ ဆက် လျှောက်လို့ရမှာဖြစ်နေတော့ သူ တို့အားပေးဖို့ပဲ အဓိကတောင်းဆို ချင်ပါတယ်’’ဟု ၎င်းက ပြော သည်။

‘ဒုဋ္ဌဝတီကိုလွန်၍’ ရုပ်ရှင် ဇာတ်ကားအမြည်းအနေဖြင့် တစ် မိနစ်စာ ဗီဒီယိုဖိုင်ကို The Mysteryof BURMA ဖေ့စ်ဘွတ်ခ်စာမျက် နှာတွင် တင်ခဲ့ရာ တစ်ရက်အ တွင်း ကြည့်ရှုသူ ရှစ်သိန်းကျော်ရှိ ခဲ့ပြီး ပရိသတ်များက ချီးကျူး သည့် မှတ်ချက်များ ရေးသားထား သည်။

‘‘ပရိသတ်ကို ကျေးဇူးတင်ပါ တယ်။ အဲဒီလောက် ရလဒ် ကောင်းမယ်လို့ ထင်မထားဘူး။ ကျွန်တော်တို့က ဒီကားကို စီစဉ် ထားတာက ရလဒ်ကောင်းရင်Mystery of BURMA ကို နံပါတ် 2,3 ရိုက်ဖို့ စီစဉ်ထားတာ။ ဒါပေ မဲ့ ဆုံးဖြတ်ချက်မချရသေးဘူး။ ရိုက်ရင်ကောင်းမလား စဉ်းစားနေ တာ။ အခုတော့ အားတက်သွား တာပေါ့။ ရုံတင်ရင်လည်း ကျိန်း သေပေါက် ဘယ်လောက်လောက်လာကြည့်မယ်ဆိုတာ မှန်းလို့ရ တာပေါ့’’ဟု ပရိသတ်အားပေး သည့်အပေါ် ဒါရိုက်တာအာကာ က ပြောသည်။

ယင်းဇာတ်ကားကို Golden Hour Mandalay Entertainmentက ထုတ်လုပ်ရိုက်ကူး၍ နိုင်းနိုင်း၊အမွန်းနှင့် ဇော်ဇော်အောင်တို့ အဓိကပါဝင်သရုပ်ဆောင်ကာ Arkar Production က ရိုက်ကူး ပုံဖော်ထားခြင်းဖြစ်သည်။

‘‘ရိုက်ကူးရေးမှာ Tri Port နဲ့ ရိုက်တဲ့ကတ်သိပ်မပါဘူး။ အား လုံးက အလှုပ်တွေပဲရိုက်ထား တာ။ တစ်ကားလုံး ၉၀ ရာခိုင်နှုန်း လောက် အလှုပ်တွေရိုက်ထား တယ်။ အဲဒီတစ်ခုက ကင်မရာနဲ့ ပတ်သက်တဲ့ ထူးခြားချက်၊ Colour Grading ပိုင်းမှာတော့ အရမ်းကွာတယ်။ ဒီဟာကို သေ ချာ Step ပေါင်းများစွာ လုပ်ထား တဲ့အတွက် ပုံမှန် Colour Look မထွက်ဘူး။ မတူဘူးပေါ့။ ထူးခြား တဲ့ Look တစ်ခုပေါ့’’ဟု ရိုက်ကူး ရေးပိုင်းနှင့်ပတ်သက်၍ ဒါရိုက် တာအာကာက ပြောသည်။

အဆိုပါ ဇာတ်ကားအတွက် ၂ မိနစ်စာ အမြည်းဗီဒီယိုဖိုင်နှစ်ခု ထပ်မံတင်ပေးရန် အစီအစဉ်ရှိ ပြီး ရုံတင်ရန် ရက်မသေချာသေး ကြောင်း ၎င်းက ဆိုသည်။

‘‘ရုံတင်ဖို့ကတော့ ၂၀၁၇ နှစ်ကုန်၊ ၂၀၁၈ ထဲမှာ ဖြစ်သွား လိမ့်မယ်’’ဟု ဒါရိုက်တာအာကာ က ပြောသည်။
7day news
MMEBOOK. Powered by Blogger.