Header Ads

မြန်မာငွေ ၂၈ သိန်းခွဲတန် စမတ်ကျကျ လဘော်ဂနီ ဖုန်း

မြန်မာငွေ ၂၈ သိန်းခွဲတန် စမတ်ကျကျ လဘော်ဂနီ ဖုန်း
***************************
 
ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ စမတ်ဖုန်း ဈေးကွက်ထဲမှာ အခု နောက်ဆုံး အသစ်ဝင်ရောက်လာခဲ့တဲ့ စမတ်ဖုန်း တံဆိပ်တစ်ခု ဟာ ကြားရသူအပေါင်းကို စိတ်ဝင်တစား နဲ့ စောင့်ကြည့်စေတော့မယ့် စွမ်းရည်မြင့် စမတ်ဖုန်း တံဆိပ်တစ်ခု ဖြစ်ပါတယ်။
သူကတော့ လဘော်ဂနီ အမှတ်တံဆိပ်ပဲ ဖြစ်ပါတယ်။ Lamborghini က ထုတ်လုပ်မယ့် ALPHA ONE အမျိုးအစား စမတ်ဖုန်းဖြစ်ပါတယ်။ မော်တော်ကားလောကမှာ မသိသူ မရှိရလောက်အောင် ကျော်ကြားလွန်းလှတဲ့ လဘော်ဂနီ ဟာ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလိုပါပဲ .. High-End စမတ်ဖုန်းလောကကို တိုက်ရိုက်ဝင်လာခဲ့တာ ဖြစ်ပါတယ်။
Luxury Phone အမျီုးအစား ဖြစ်တဲ့ ALPHA ONE ဟာ လဘော်ဂနီ ရဲ့ မော်တော်ကားတွေလိုပဲ ကမ္ဘာပေါ်မှာ နောက်ဆုံးပေါ် အဖြစ်ဆုံး နည်းပညာတွေနဲ့ အလန်းဆုံး ဒီဇိုင်း အဆင်အပြင်
တွေကို ပေါင်းထည့်လာခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ လဘော်ဂနီ ရဲ့ ပထမဆုံး ဖုန်း မဟုတ်ခဲ့ပါဘူး။ ၂၀၁၅ ခုနှစ် တုန်း က Lamborghini ဟာ 88 Tauri အမည်နဲ့ 4 လက်မ qHD မျက်နှာပြင်၊ Gorilla Glass, Android 4.2 Jelly Bean, 2GB of RAM, 32GB storage, and a 1.5Ghz quad-core ပရိုဆက်ဆာတွေ နဲ့ ထုတ်လုပ်ခဲ့ဖူးပါတယ်။ ဒီဇိုင်းကလည်း တော်ေ်တ်ာလေး ကောင်းမွန်ခဲ့ပြီး သင့်တင့်လျောက်ပတ်တဲ့ လုပ်ဆောင်ချက်တွေနဲ့ အရည်အသွေးတွေ ပါဝင်ခဲ့ပေမယ့် အောင်မြင်မှုတော့ မရရှိခဲ့ရှာပါဘူး။
အခု အသစ်ထွက်ရှိလာတဲ့ ALPHA ONE ဟာ Luxury စီးရီး ဖြစ်ပေမယ့် ၅.၅လက်မ QHD မျက်နှာပြင်၊ 4 GB of RAM ၊ 64 GB သိုလှောင်နိုင်စွမ်းအား၊ 3,250 mAh ဘက်ထရီတွေအပြင် dual SIM card ထောက်ပံ့ပေးမှုတွေ အပါအ၀င် Qualcomm Snapdragon 820 ပရိုဆက်ဆာကို ထည့်သွင်းထားတာမို့ တခြား တန်းမြင့်ဖုန်းတွေနဲ့ တန်းတူ ယှဉ်ပြိုင်နိုင်စွမ်းရှိတယ် လို့ ဆိုပါတယ်။ Tech Specs တွေကို ထုတ်ဖော်ပြောကြားခဲ့ပေမယ့် တခြား ဇိမ်ခံပစ္စည်းတွေ (ဖုန်းတွေ ) လိုမျိုး ALPHA ONE ဟာ ဘယ်လိုမျီုး တည်ဆောက်ထားသလဲ ဆိုတာကိုတော့ ကုမ္ပဏီက ထုတ်ဖော်မပြောကြားသေးပါဘူး။
Lamborghini ALPHA ONE ကို အဂ်လန်၊ တောင်ကိုရီးယား၊ တရုတ် နဲ့ ယူအေအီးနိုင်ငံတွေ မှာ အခု လာမယ့် ၂ လ အတွင်းမှာ စတင် ရောင်းချပေးမယ် လို့ ကြော်ငြာခဲ့ပြီး နိုင်ငံတိုင်းအတွက် သတ်မှတ်ဈေးနှုန်း ရှိပေမယ့် နိုင်ငံတကာ အကြမ်းဖျင်း ဈေးနှုန်း ကတော့ ဒေါ်လာ ၂၁၁၀ ဖြစ်မယ် လို့ ဆိုပါတယ်။ မြန်မာငွေအားဖြင့် ၂၈ သိန်း ခွဲ ၀န်းကျင် ရှိမယ် လို့ ဆိုပါတယ်။
.
Ref : Slahgear ၊ BGR ၊ DM
MMEBOOK. Powered by Blogger.