Header Ads

Dracula Untold (2014) မြန်မာစာတန်းထိုး

Dracula Untold (2014) မြန်မာစာတန်းထိုး

ဘ၀မှာမလွဲမသာတဲ့အခြေနေတစ်ခုကိုရောက်လာတိုင်းလုပ်သင့်လုပ်ထိုက်တဲ့အရာကို
ချက်ချင်းဆုံးဖြတ်ချက်ချပြီးလုပ်နိုင်တဲ့သူဟာ လူတော်ပါပဲ….
တကယ်လို့အဲဒီလုပ်သင့်လုပ်ထိုက်တဲ့အရာက အကောင်းဆုံးမဟုတ်ရင်တောင်မှ
အဆုံးဝါးဆုံးအရာဖြစ်နေရင်ကော သင်ဘာကိုရွေးချယ်မလဲ…
အရေးကြီးတဲ့အရာကိုလုပ်ဖို့ အဆုံးဝါးဆုံးအရာကိုရွေးချယ်မလား….
ဒါမှမဟုတ် ပုံမှန်သဘာဝအတိုင်းပဲရင်ဆိုင်ဖို့ ကြိုးစားမလား…
ဒီဇာတ်လမ်းကိုကြည့်ရအောင်ပါ….ဒီဇာတ်လမ်းလေးဟာ ၁၉ ၈၇ ခုနှစ်က ထွက်ရှိထားတဲ့
Dragula ဆိုတဲ့ဝတ္တုကိုအခြေခံပြီးတော့ ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်…
တိုင်းပြည်တစ်ပြည်ရဲ့ မင်းသားဘလက်ဟာ တူရကီနိုင်ငံရဲ့လက်အောက်ခံကျွန်ဘ၀ကနေလွတ်မြောက်လာခဲ့ပြီး
တိုင်းပြည်ရဲ့ဘုရင်တစ်ပါးဖြစ်လာခဲ့ပါတယ်…
စစ်ဆင်ရေးတစ်ခုမှာ မင်းသားဘလက်နဲ့သူ့ရဲ့စစ်သားတွေဟာ တူရကီတွေကိုလိုက်လံခြေမှုန်းရာကနေ
ဂူတစ်ခုမှာ သွေးစုပ်ဖုတ်ကောင်တစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်…
သူ့ရဲ့စစ်သားအားလုံးသေပြီးတော့ သူတစ်ယောက်တည်းသာလွတ်မြောက်လာခဲ့ပါတယ်…
တစ်နေ့ ဘလက်ဟာ သူ့ရဲ့သားနဲ့ဇနီးနဲ့အတူ Dragula နန်းတော်မှာ စားသောက်ပွဲကျင်းပနေတဲ့အချိန်
တူရကီစစ်တပ်များရောက်လာပြီးတော့ ယောကျာင်္းလေးအယောက် ၁၀၀၀ ကိုသူတို့စစ်တပ်အတွက်တောင်းဆိုခဲ့ပါတယ်..
ငယ်သားတွေကိုကြင်နာတဲ့ ဘလက်ဟာ လူတွေအစားငွေတွေကိုပေးဖို့ကမ်းလှမ်းခဲ့ပေမယ့်လည်း
မအောင်မြင်ခဲ့ပါဘူး…ဒါကြောင့် တူရကီတွေဟာသူတို့တိုင်းပြည်ကို စစ်တိုက်ဖို့ပြင်လာပါတော့တယ်…
တကယ်တမ်း စစ်တိုက်ဖို့အတွက် တူရကီတွေနဲ့ယှဉ်လာရင် သူတို့ဟာအင်အားမမျှခဲ့ပါဘူး…
ဒါကြောင့်ကျူးကျော်လာတဲ့ အင်အားကြီးတဲ့တူရကီတွေကိုပြန်လည်တုန့်ပြန်ဖို့ အင်အားတွေကိုလိုလာခဲ့ပါတယ်…
မင်းသားဘလက်ဟာ သူ့တိုင်းပြည်အတွက်ဆုံးဖြတ်ပြီး သူတို့ကိုတိုက်ခိုက်ခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်ဆီကနေ
အကူညီတောင်းခံခဲ့ပါတယ်…ဒါကြောင့် သွေးစုပ်ဖုတ်ကောင်ဟာ သူ့ကိုအင်အားကြီးမားတဲ့
Dragula အဖြစ် ၃ ရက်ရှင်သန်စေခဲ့ပါတယ်…ထို ၃ ရက်အတွင်းမှာ လူသားရဲ့သွေးကိုမသောက်ပဲနေနိုင်မှ
ဘလက်ဟာ လူသားပြန်ဖြစ်မှာပဲဖြစ်ပါတယ်…တကယ်လို့သာ လူသားရဲ့သွေးကိုသောက်မိရင်တော့
သူတစ်သက်လုံး Dragula အဖြစ်နဲ့ရှင်သန်သွားရတော့မှာပဲဖြစ်ပါတယ်….
ဒီလိုအပေးယူတဲ့ပြီးတဲ့နောက်မှာတော့ ဘလက်တစ်ယောက်ဘာတွေဖြစ်လာနိုင်မလဲ…
အင်အားကြီးမားလှတဲ့ တူရကီတပ်ကြီးကို သူရင်ဆိုင်နိုင်မလား….
သွေးစုပ်ဖုတ်ကောင်တစ်ကောင်ဖြစ်နေပြီဖြစ်တဲ့ ဘလက်ဟာလူသွေးမသောက်ပဲတကယ်ကောနေနိုင်မှာလား….
စိတ်ဝင်စားစွာနဲ့ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားဆိုရင်မမှားပါဘူး….
Channel Myanmar
MMEBOOK. Powered by Blogger.