Header Ads

Facebook Messenger မှာ ဂိမ်းများ ကစားနည်း

Facebook Messenger မှာ ဂိမ်းများ ကစားနည်း
***********************
Facebook က Messenger အတွက် Instant Games ၀န်ဆောင်မှုကို တစ်ကမ္ဘာလုံးအတွက် ဖြန့်ချီပေးလိုက်ပါပြီ။ အဲဒီ ဂိမ်းတွေထဲမှာ ဘောလုံးနဲ့ ဘတ်စကတ်ဘော ဂိမ်းများ အပါအ၀င် ပျော်စရာကောင်းတဲ့ ဂိမ်းများ ပါဝင်ပါတယ်။ Instant Games များကို ကစားဖို့ ဒေါင်းလုပ်လုပ်စရာ မလိုပေမေယ့် Game App တစ်ခုလို စွမ်းရည် ပြည့်ဝစွာ ကစားနိုင်ပါတယ်။ စာရေးသူ စမ်းသပ်ချက်အရ မြန်မာနိုင်ငံမှာလည်း ကစားလို့ ရနေပြီ ဖြစ်ပါတယ်။
မှတ်ချက်။ ။ Instant Games ကို ကစားဖို့ နောက်ဆုံးထုတ် Messenger Version ကို အင်စတောလုပ်ထားဖို့ လိုပါတယ်။ နောက်ဆုံးဗားရှင်းရဲ့ Interface က အရင်ဗားရှင်းများနဲ့ အနည်းငယ် ကွဲပြားခြားနားပါတယ်။ iOS နဲ့ Android အပေါ် မူတည်၍လည်း Interface ကွဲပြားပါတယ်။

iOS

iOS မှာတော့ အောက်ခြေရှိ Menu မှာ Game Controller အိုင်ကွန်ကို မြင်ရမှာဖြစ်ပါတယ်။ အဲဒါကို မြင်ရဖို့အတွက် သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောထားတဲ့ Chat Window ကို ဖွင့်ရမှာပါ။ အိုင်ကွန်ကို နှိပ်ရင် ဂိမ်းများကို မြင်ရမှာပါ။ Cut the rope, Pac-man, Snake, Bingo အပြင် ဂိမ်းများစွာကို ကစားနိုင်ပါတယ်။ Words with friends လို နာမည်ကျော် စကားလုံးဆက်တဲ့ ကစားနည်းလည်း ပါပါတယ်။ ဂိမ်းတစ်ခုကို ကစားပြီးရင် သင့်ရဲ့ ရမှတ်ကို သူငယ်ချင်းထံ ပေးပို့ပေးမှာ ဖြစ်ပြီး သူငယ်ချင်းက ပြန်လည် ယှဉ်ပြိုင်နိုင်ပါတယ်။

Android

Android မှာတော့ Chat Window တစ်ခုကို ဖွင့်ပြီး + Icon ကို နှိပ်ပါ။ Games Icon ကို နှိပ်ရင် ဂိမ်းများကို ပြသပေးမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ အထက်ပါနည်းအတိုင်း သူငယ်ချင်းနဲ့ ဂိမ်းများ ကစားနိုင်ပါတယ်။
တစ်ယောက်ထဲ ကစားပါ။
သူငယ်ချင်းနဲ့ ကစားရတာ ပျော်စရာ ကောင်းပေမယ့် တစ်ခါတစ်လေ တစ်ယောက်ထဲ ကစားနိုင်အောင်လည်း ဖန်တီးပေးထားပါတယ်။ Main Screen ကို သွားပါ။ အောက်ခြေမှ Games ကဏ္ဍထဲသွားရင် ဂိမ်းများကို ကစားနိုင်ပါပြီ။
Games ကဏ္ဍကို မတွေ့ရရင်တော့ လှည့်ကွက်တစ်ခုကို အသုံးပြုရမှာပါ။ Search Box ကနေ သင့် အမည်ကို ရိုက်ထည့်ပါ။ သင့်အကောင့်ကို ရွေးလိုက်ရင် Chat Window ပေါ်လာမှာပါ။ + Icon ကနေ Games Icon ကို နှိပ်ရင် သင်တစ်ယောက်ထဲ ဂိမ်းကစားနိုင်ပါတယ်။ တစ်ယောက်ထဲ ကစားတဲ့ ရလဒ်များကို သူငယ်ချင်းများထံ မျှဝေခြင်းဖြင့်လည်း စိန်ခေါ်နိုင်ပါတယ်။
.
ref : slashgear
digitaltimes


MMEBOOK. Powered by Blogger.