Header Ads

For Mother's day (14th May 2017)

လူသားတစ်ဦးက ကမ္ဘာလောကကို ငိုသံတစ်ခုနဲ့ နှုတ်ဆက်လိုက်ချိန်တိုင်း အမေ ဆိုတဲ့ ဝေါဟာရလေးတစ်ခုဟာလည်း တိုးလာတယ်။ အဲ့ဒီအချိန်ကစလို့ အမေနဲ့ ရင်သွေးတို့ကြားက အဆုံးမရှိတဲ့ တစ်သက်တာစာချုပ်တွေ စတော့တာပါပဲ။
သူဟာ သားတို့ သမီးတို့ကြောင့် ရယ်မောတယ် .. 
ငိုတယ် .. စိတ်ပူတယ် .. ပြုံးတယ် .. ပီတိဖြစ်တယ် .. ဂုဏ်ယူတယ် ..
သူဟာ သားတို့သမီးတို့ အားငယ်ကြောက်ရွံ့ချိန်မှာ လုံခြုံမှုကိုပေးတယ်။
မျက်ရည်ကျတဲ့အချိန်မှာ မျက်ရည်တွေကိုသုတ်ပေးတယ်။
စိတ်ပျက်အားငယ်တဲ့အချိန်မှာ ခွန်အားတွေပေးတယ်။
အဆင်ပြေတဲ့အချိန်မှာပဲဖြစ်ဖြစ်
ခက်ခဲကြမ်းတမ်းတဲ့အချိန်မှာပဲဖြစ်ဖြစ်
နောက်ဆုံး သားတို့သမီးတို့ကို ဘယ်သူတွေစွန့်ခွာသွားသွား သူကတော့ ဘေးမှာကျန်ရစ်တယ်။
ဘ၀တစ်ခုဟာ စိတ်တိုင်းကျပြင်ဆင်နိုင်ခွင့်တွေ အတူမပါလာပေမယ့် အမေကတော့ အတူပါလာပါတယ်။
မိခင်တစ်ဦးရဲ့ ချစ်မေတ္တာဟာ သားသမီးတို့ကို အင်အားတွေ ယူဆောင်လာပေးတယ်။ ကြံ့ခိုင်စေတယ်။
တကယ်တော့ မိခင်မျိုးနွယ်စုဖြစ်တဲ့ အမေတစ်ယောက်ချင်းစီတိုင်းဟာ ပျော့ပျောင်းကြံ့ခိုင်ပြီး နူးညံ့သိမ်မွေ့တဲ့ နှလုံးသားပိုင်ရှင်တွေ ဖြစ်ကြပါတယ်။

MMEBOOK. Powered by Blogger.