Header Ads

Refrain (2013) မြန်မာစာတန်းထိုး

Refrain (2013) မြန်မာစာတန်းထိုး


အမှောင်ဖုံးနေတဲ့ကျွန်တော်တို့ရဲ့နှလုံးသားတွေကို ထွန်းလင်းပေးမဲ့မီးအိမ်ရှင်တစ်ယောက်ကတော့လိုမှာပါ

ချစ်ခြင်းကိုအစပြု တစ်ခါတစ်ခါ ကြောက်ရွံ့ခြင်းတွေက

ဖွင့်ပြောဖို့သတ္တိကိုလာ လာပစ်ခွဲနေသေးတယ်လေ…

အချစ်ဆိုတာ အိပ်နေတဲ့ကျားနဲ့တူတယ် ငြိမ်သက်နေတဲ့ရေပြင်နဲ့တူတယ် ဆူးခတ်တွေနဲ့နှင်းဆီပင်နဲ့အလား

သဏ္ဍာန်တူတယ် နာကျင်ခြင်းကိုထိုးဆွမိသလို

တဆစ်ဆစ်နဲ့ခံရခက်တာတွေလဲကြုံရမယ်

ကိုင်း လေရှည်နေမိပြန်ပြီ

ဇာတ်ညွန်းလေးဆီခေါင်းတည်လိုက်ကြရအောင်….

နက်တာ နဲ့ နစ်ကီဟာ ငယ်ငယ်လေးထဲက တူတူပေါင်းလာကြတဲ့

သိပ်ချစ်ကြတဲ့ ငယ်ချင်းတွေပါ သံယောဇဉ်ကစကားပြောလာတယ်လို့ဆိုရမလား

နက်တာဟာ နစ်ကီကို တစ်ဖက်သတ်ချစ်နေရပြန်ပါတယ်

သိုပေမဲ့ နက်တာဖွင့်ပြောလိုက်ချိန်မှာ သူ့နှလုံးသားကိုဓားနဲ့မွှန်းခံရသလို မျှော်လင့်ချက်တွေ

ရိုက်ချိုးခံလိုက်ရပါတယ်….နစ်ကီသူ့ကိုငြင်းလိုက်တာလား…

 ဒါမှမဟုတ် နစ်ကီမှာချစ်ရမဲ့သူရှိနေတာလား

ရိုးစင်းပြီးမလွယ်ကူတဲ့ ပဟေဠိ တစ်ခုကို အညွန်းရဲ့နိဂုံးအဖြစ်ချန်ထားချင်ပါတယ်

“သူကငါ့ကိုချစ်တယ်

ငါကနင့်ကိုချစ်တယ်

နင်ကအခြားတစ်ယောက်ကိုချစ်တယ်…..”

မေတ္တာဆိုတာရောင်ပြန်တယ်ဆိုတဲ့စကားသာမှန်ခဲ့ရင်…………
channelmyanmar

MMEBOOK. Powered by Blogger.