Header Ads

Treasure Planet မြန်မာစတန်းထိုး

Treasure Planet မြန်မာစတန်းထိုး
ဒီဇာတ်လမ်းလေးဟာ 2002 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး

Disney ရဲ့ အသပ်ရပ်ဆုံးသော Animation တွေထဲက တစ်ကားလို့ တင်စားခံထားရပါတယ်

မူရင်းဇာတ်လမ်းကတော့ “Treasure Island” တဲ့ခင်ဗျ…

ဒီမှာ ထူးခြားသွားတာက ဇာတ်ကွက်တွေကို အာကာသထဲ ပြောင်းလိုက်ပြီး ဂြိုဟ်သားတွေ၊

နဂါးငွေ့တန်းတွေနဲ့ အသက်သွင်းထားတာပါ အဲ့လိုနဲ့ ဇာတ်လမ်းလေးက

“Treasure Planet” ဆိုပြီး ဖြစ်သွားတယ်ပေါ့ဗျာ

Rating တွေအနေနဲ့ကြည့်ရင်လည်း

IMDb 7.1

Tomatoes 69% နဲ့ခင်ဗျ

ဝေဖန်သူတော်တော်များများရဲ့ Positive Review တွေ ရထားတဲ့ ဇာတ်လမ်းလေး ဆိုပါတော့…

ကလေးဘဝက အိပ်ရာဝင်ပုံပြင်တွေ၊ အာကာသ စွန့်စားခန်းတွေ၊ ဒရာမာကို ခုံမင်သူတွေအတွက်

လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပါ

အသက် ၁၅ နှစ်အရွယ် ချာတိတ်ကလေး ဂျင်မ်ဟော့ကင်းန်စ်ရဲ့ မဟာစွန့်စားခန်းကြီးတစ်ခု…

ငယ်ငယ်ကတည်းက အာကာသ ခရီးသွားတစ်ယောက် အရမ်းဖြစ်ချင်ခဲ့သူ

ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြံဖန်ပြီး ကောင်းကင်ပျံဝဲလေ့ရှိတဲ့ ချာတိတ်ကလေး

ယာဉ်စည်းကမ်းတွေကို (တမင်မဟုတ်တောင်) ကျူးလွန်လေ့ရှိတာကြောင့်

အမြဲတမ်း ပီကယ်တွေနဲ့ ငြိနေတဲ့ ချာတိတ်

မိသားစုစားဝတ်နေရေးအတွက် ပင်ပင်ပန်းပန်း ရုန်းကန်နေရတဲ့မိခင်ကို

အမြဲတမ်း ဒုက္ခပေးနေမိသလို ဖြစ်နေတာကြောင့်

မိမိကိုယ်ကိုယ် အားမလိုအားမရ ဖြစ်နေတဲ့ ချာတိတ်ကလေး

ဒီလိုနဲ့ တစ်နေ့မှာတော့ မမျှော်လင့်ပဲ သူအလွန်ကိုမှ သွားချင်နေတဲ့

အာကာသဟင်းလင်ပြင်ကြီးထဲကို ရွက်လွှင့်ဖို့

အကြောင်းဖန်လာပါတော့တယ်

အဲ့ခရီးစဉ်မှာ ကောင်းတဲ့သူတွေနဲ့ ဆုံခဲ့သလို လူဆိုးတွေနဲ့လည်း ကြုံခဲ့ရပြီး

ဘဝသင်ခန်းစာတွေ အများကြီး ရသွားခဲ့ပါတယ်

ကိုယ့်ခံယူချက်နဲ့ကိုယ် သွားနေတဲ့ လူဆိုးမဟုတ် လူကောင်းမဟုတ်တဲ့သူလည်း ပါသေးတာပေါ့

သူငယ်ငယ်က စိတ်ဝင်တစား ဖတ်ခဲ့ရတဲ့ အိပ်ရာဝင်ဇာတ်လမ်းတစ်ပုဒ်

အပြင်လောကမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုဆိုတာ

သိလိုက်ရပြီးတဲ့နောက်…

ဘာတွေ ဘယ်လိုဆက်ဖြစ်မယ်၊ ဘယ်လိုစွန့်စားခန်းတွေ ဖွင့်သွားမယ် ဆိုတာကတော့

ကြည့်ရှုခံစားလိုက်ကြပါဦး

CM Fan တို့ရေ…

*ဇာတ်ဝင်ခန်းသီချင်းလေးကလည်း အတော်ကောင်းဗျ…

channelmyanmar
MMEBOOK. Powered by Blogger.