Header Ads

♪ “WannaCry လက်သည် ဘယ်သူလဲ ?” ♫

♪ “WannaCry လက်သည် ဘယ်သူလဲ ?” ♫
Image may contain: screen
WannaCry Ransomware ကို သုတေသန ပြုလုပ်နေတဲ့ လုံခြုံရေး ကျွမ်းကျင်သူများက WannaCry ကို ဖန်တီးတယ်လို့ ထင်ရတဲ့ ဟက်ကာ အဖွဲ့ကို ခန့်မှန်းလိုက်ပါတယ်။ အဲဒီအဖွဲ့ကတော့ Lazarus ဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ Sony Pictures ကို အကြီးအကျယ် ဟက်ခဲ့တဲ့ လက်သည်လည်း ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် တိုက်ခိုက်မှုဟာ မြောက်ကိုရီးယားရဲ့ ခိုင်းစေမှုကြောင့်လို့ ယုံကြည်ထားကြပြီး WannaCry ကတော့ ငွေရလိုမှုကြောင့် သူတို့ ကိုယ်တိုင် လုပ်ခဲ့တာလို့ ပညာရှင်များက သုံးသပ်ပါတယ်။ “ Symantec Security Response Team ရဲ့ WannaCry ကို ခွဲခြမ်းစိတ်ဖြာမှုများအရ အသုံးပြုခဲ့တဲ့ Tools, Techniques နဲ့ အခြေခံ အဆောက်အဦများဟာ ယခင် Lazarus ရဲ့ တိုက်ခိုက်မှုများနဲ့ တူညီနေပါတယ်။ အဲဒီအတွက် Lazarus ဟာ WannaCry ရဲ့ လက်ချက်ဖြစ်နိုင်ပါတယ်။” လို့ Symantec က သူ့ရဲ့ ဘလော့မှာ ရေးသားထားပါတယ်။

Google ရဲ့ လုံခြုံရေး သုတေသနပညာရှင် Neel Mehta ကလည်း WannaCry ဟာ Lazarus ရဲ့ လက်ချက်လို့ ခန့်မှန်းခဲ့ပါတယ်။ တရုတ်ဟာ WannaCry တိုက်ခိုက်မှုကို အကြီးအကျယ် ခံစားခဲ့ရတဲ့ နိုင်ငံဖြစ်တဲ့ အတွက် တကယ်လို့သာ WannaCry ဟာ မြောက်ကိုရီးယားနဲ့ ပတ်သက် တဲ့ Lazarus ရဲ့ လက်ချက်ဆိုရင် ပလဲနံပ သင့်နေတဲ့ တရုတ်အတွက် သတင်းကောင်းတစ်ခု မဟုတ်နိုင်ဘူးလို့ The New York Times က သုံးသပ်ထားပါတယ်။

WannaCry ဟာ ကမ္ဘာအ၀န်းမှာ ကူးစက်မှု အလွန် မြင့်မားခဲ့ပေမယ့် ဒေါ်လာ ၁၁၁,၀၀၀ လောက်သာ ဟက်ကာများက ရရှိခဲ့တယ်လို့ ပညာရှင်များက တွက်ချက်ထားကြပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
MMEBOOK. Powered by Blogger.