Header Ads

ကမ္ဘာ့အစည်းကားဆုံး အခြောက်မ(ဂေး)တို့ရဲ့ဂုဏ်သိက္ခာပွဲတော် ဘရာဇီးတွင် ကျင်းပ

ကမ္ဘာ့အစည်းကားဆုံး အခြောက်မ(ဂေး)တို့ရဲ့ဂုဏ်သိက္ခာပွဲတော် ဘရာဇီးတွင် ကျင်းပ


ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့မှာ “၂၁ ကြိမ်မြောက် ဆောပိုလို ဂေးတို့ရဲ့ ဂုဏ်သိက္ခာ ပွဲတော်” ကို ဇွန်လ ၁၈ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

ဒီပွဲတော်ကို ဘရာဇီးနိုင်ငံရဲ့ LGBT ဂုဏ်သိက္ခာအသင်းက ကြီးမှူးကျင်းပတာ ဖြစ်ပြီး လူပေါင်းသောင်းချီ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ဘရာဇီးနဲ့ တကမ္ဘာလုံးက လူပေါင်းများစွာ တက်ရောက်ကြပြီး ကမ္ဘာ့အကြီးဆုံး ဂေးတို့ရဲ့ ဂုဏ်သိက္ခာပွဲတော် ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။

ပထမဆုံးအကြိမ် ဆောပိုလို ဂေးတို့ရဲ့ ဂုဏ်သိက္ခာပွဲတော်ကို ၁၉၉၇ ခုနှစ်က ကျင်းပခဲ့ပြီး လူ ၂၀၀၀ သာ ပါဝင်ဆင်နွှဲခဲ့တာပါ။
MMEBOOK. Powered by Blogger.