Header Ads

ဧပြီလအတွက် အကောင်းဆုံး Android Apps များ

ဧပြီလအတွက် အကောင်းဆုံး Android Apps များ

လစဉ်လတိုင်း Google Play Store မှာ Android Apps အသစ်များစွာ ထွက်ပေါ်နေပါတယ်။ အဲဒီ Android Apps အသစ်များစွာထဲမှာ အကောင်းဆုံးများကို ရွေးချယ် အသုံးပြုဖို့ဆိုတာ ခက်ခဲပါတယ်။ အဲဒီအတွက် စာဖတ်သူများ အဆင်ပြေစေဖို့အတွက် ဧပြီလထွက် အကောင်းဆုံး Android Apps များကို ဖော်ပြပေးလိုက်ပါတယ်။

Pacifica – Stress & Anxiety

 

လူတိုင်း လူတိုင်းမှာ စိတ်ဖိစီးမှုတွေ အနည်းနဲ့ အများ ရှိနေကြပါတယ်။ Pacifica ဟာ သင့်ရဲ့ စိတ်ဖိစီးမှုများကို လျှော့ချပေးဖို့ ဖန်တီးထားပါတယ်။ သူ့မှာ သင့်ရဲ့ ကျန်းမာရေးနဲ့ စိတ်အခြေအနေကို တိုင်းတာပေးတဲ့ Tools များ ပါပြီး တိုင်းတာထားတဲ့ ဒေတာများကို အခြား Users များနဲ့ မျှဝေ၍ ဆွေးနွေးမှုများ၊ အကြံဥာဏ်များကို ရယူနိုင်ပါတယ်။ တိုင်းတာထားတဲ့ ဒေတာများကို အခြေခံ၍ သင့်ရဲ့ ရည်မှန်းချက်များ ရရှိအောင် ပံ့ပိုးပေးမယ့် Progress History လည်း ပါပါတယ်။ သူက စိတ်ကျရောဂါ ခံစားနေရတဲ့ လူများကိုလည်း ကူညီနိုင်ပါတယ်။
Aion Calculator


သင့်ရဲ့ စမတ်ဖုန်းမှာ ပါတဲ့ Calculator ကို မနှစ်သက်ဘဲ အရောင်စုံတဲ့ တစ်ခုကို လိုချင်ရင် Aion Calculator ကို သုံးပါ။ သူ့ရဲ့ အဓိက စွမ်းရည်က သင့်အကြိုက် ဒီဇိုင်းကို ဖန်တီးနိုင်ခြင်း ဖြစ်ပါတယ်။ သူ့မှာ Matrix Calculator လို စွမ်းရည်များလည်း ပါပါတယ်။ ဂရပ်ဖ်များကိုလည်း ဖန်တီးနိုင်ပါတယ်။ Unit နဲ့ Currency Conversion Tools များလည်း ထည့်ပေးထားပါတယ်။
Meditate.io


တရားထိုင်ခြင်းဟာ စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။ ဒါပေမယ့် တရားထိုင်ရတာ လွယ်ကူတဲ့ အလုပ်တစ်ခု မဟုတ်ပါဘူး။ Meditate.io မှာ တရားထိုင်နည်း များစွာကို ပံ့ပိုးပေးထားပြီး သင့်အား လမ်းညွှန် သင်ပြပေးနိုင်ပါတယ်။ User Interface က ရိုးရှင်းတဲ့အတွက် အသုံးပြုရ လွယ်ကူပါတယ်။
Notely – Take Note

မှတ်စု မှတ်သားတဲ့ Apps များစွာ ရှိတဲ့ အထဲမှာ အသစ်ထွက်ပေါ်လာတာကတော့ Notely ဖြစ်ပါတယ်။ သူ့မှာ စာသား မှတ်စုများ အပြင် အသံ မှတ်စုများကိုလည်း မှတ်သားနိုင်ပါတယ်။ မှတ်စုများကို လျှင်မြန်စွာ မှတ်သားနိုင်ဖို့ သူ့ကို ဒီဇိုင်း ထုတ်ထားပါတယ်။ Hashtags များ ထည့်သွင်းနိုင်တဲ့အတွက် နောက်ပိုင်းမှာ မှတ်စုများကို ရှာဖွေရင် လွယ်ကူပါတယ်။
Today Weather – Forecast

Today Weather – Forecast က ၂၄ နာရီပတ်လုံး ရာသီဥတု အခြေအနေများကို ပြသပေးပါတယ်။ လာမယ့် ရက်များအတွက် ရာသီဥတု အခြေအနေများကိုလည်း ခန့်မှန်းပေးနိုင်ပါတယ်။ လေထု အရည်အသွေးနဲ့ ခရမ်းလွန်ရောင်ခြည် ပမာဏကိုလည်း တွက်ချက်ပေးနိုင်ပါတယ်။ ရာသီဥတု အခြေအနေကို သူငယ်ချင်းများနဲ့ မျှဝေနိုင်တဲ့ စွမ်းဆောင်ချက်လည်း ပါပါတယ်။
Runtasty

Runtasty ဟာ Runtastic Team က ဖန်တီးထားတဲ့ Recipe App ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ သင့်တော်ပြီး အရသာ ရှိတဲ့ အစားအစာ ချက်နည်းများကို ပြသပေးထားပါတယ်။ ဒါ့အပြင် ချက်ပြုတ်နည်းများကိုလည်း How-to Videos များဖြင့် ပြသပေးထားတဲ့အတွက် အဆင်ပြေပါတယ်။
YouTube TV

YouTube TV မှာ ရုပ်မြင်သံကြား ကွန်ရက်များစွာမှ ရုပ်သံလိုင်းများကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ မြို့အနည်းငယ်မှာသာ အသုံးပြုနိုင်သေးပြီး တစ်လလျှင် ၃၅ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ ရုပ်သံလိုင်းများစွာ ပါရှိပြီး Cloud DVR , Chromecast တို့ကို ထောက်ပံ့ပါတယ်။ မိသားစုဝင်များရဲ့ အကောင့်များကနေလည်း အသုံးပြုနိုင်ပါတယ်။
ref : androidheadlines

 

MMEBOOK. Powered by Blogger.