Header Ads

၂၀၁၇ ခုနှစ်မှာ သင့်ကို ငွေရှာပေးမယ့် Mobile Apps များ

၂၀၁၇ ခုနှစ်မှာ သင့်ကို ငွေရှာပေးမယ့် Mobile Apps များ

 သင့်ရဲ့ အားလပ်ချိန်များမှာ နေအိမ်ကနေ အပို ၀င်ငွေ ရှာချင်ရင်တော့ အခုဖော်ပြမယ့် Mobile Apps များက အကောင်းဆုံး ဖြစ်ပါတယ်။ လမ်းလျှောက်ခြင်း၊ ကြော်ညာများ ကြည့်ခြင်း၊ ဆာဗေးများ ဖြေဆိုခြင်း တို့လို အလုပ်များ ပြုလုပ်ခြင်းဖြင့် ၀င်ငွေ ရနိုင်ပါတယ်။ အချို့ App များက ငွေသား ချီးမြှင့်ပြီး အချို့ကတော့ Gift Card များ ပေးကြပါတယ်။

မှတ်ချက် ။ ။ အချို့ Apps များကို မြန်မာနိုင်ငံက အသုံးပြုလို့ ရချင်မှ ရမှာ ဖြစ်ပါတယ်။

၁။ iBotta 

iBotta က သင် ဈေးဝယ်တာနဲ့ ပိုက်ဆံပေးမယ့် App ပါ။ ငွေသား သို့မဟုတ် Gift Card များကို ရရှိမှာပါ။ ဈေးဝယ်ထားတဲ့ Receipt ကို ဓါတ်ပုံရိုက်ပြီး App ကနေ ပေးပို့ရမှာပါ။ Walmart, Target, Kroger, Publix အပါအ၀င် အရောင်းဆိုင်ပေါင်း ၂၄၁ ဆိုင်မှာ ဈေးဝယ်ရင် ပိုက်ဆံ ရရှိမှာပါ။
Download : iPhone , Android
၂။ Pact

လေ့ကျင့်ခန်း ပြုလုပ်ခြင်း ၊ ကျန်းမာရေးနဲ့ သင့်တော်တဲ့ အစားအစာများ စားသုံးခြင်းဖြင့် ငွေရှာနိုင်ပါပြီ။ အဲဒီလို ငွေရှာဖို့ Pact ကို အသုံးပြုပါ။ ကိုယ်လက်လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်များ သင်က သတ်မှတ်ပြီး ပြီးမြောက်အောင်မြင်ရင် ဆုငွေရမှာပါ။ Gym ကို သွားတိုင်းလည်း သင့်ကို ဆုငွေ ချီးမြှင့်ပါတယ်။ သူက Gym မှာ ကစားခြင်းကို GPS နဲ့ တိုင်းတာပြီး အစားအစာများ စားခြင်း၊ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းတို့ကို တိုင်းတာဖို့ အခြား Apps များကို သုံးပါတယ်။
Download : iPhone , Android
၃။ Google Opinion Rewards 

Google ရဲ့ Opinioin Rewards က ဆာဗေးများ ဖြေဆိုရုံနဲ့ သင့်ကို ဆုငွေပေးမှာပါ။ မွေးခွန်းတစ်ခု ဖြေဆိုရင် ၁၀ စင့် ကနေ ၁ ဒေါ်လာအထိ ရနိုင်ပါတယ်။ ရရှိလာတဲ့ ဆုငွေများဖြင့် Play Store မှာ Apps, Movies, Books များ ၀ယ်နိုင်သလို Clash of Clans လို ဂိမ်းများမှာ In App Purchase များ ၀ယ်နိုင်ပါတယ်။
Download : Android
၎။ ဓါတ်ပုံများ ရောင်းချ၍ ငွေ ရှာပါ။ 
သင့် Android , iPhone ကနေ ရိုက်ကူးထားတဲ့ ဓါတ်ပုံများကို အွန်လိုင်းမှာ ရောင်းချ၍ ငွေ ရှာနိုင်ပါတယ်။ ဒါ့အပြင် အခြား ကင်မရာများကနေ ရိုက်ကူးထားတဲ့ ဓါတ်ပုံများကိုလည်း သုံးနိုင်ပါတယ်။ ဒီလို ဓါတ်ပုံများ ရောင်းချ၍ ငွေ ရှာနိုင်တဲ့ Apps များထဲမှာ နာမည်အကြီးဆုံးက FOAP နဲ့ Clashot တို့ ဖြစ်ပါတယ်။
FOAP မှာ Brand များအတွက် သင့်ရဲ့ ဓါတ်ပုံကို ရောင်းနိုင်ပါတယ်။ Clashot မှာ သင့်ဓါတ်ပုံများ ရောင်းရင် ၅၀ စင့် ကနေ ၈၀ ဒေါ်လာ အထိ ရနိုင်ပြီး ရောင်းရငွေရဲ့ ၄၄ ရာခိုင်နှုန်းကို သင် ရရှိမှာပါ။
Download : FOAP ( iPhone , Android ) & Clashot ( iPhone , Android )
၅။ Phone Lockscreen ကနေ ငွေရှာပါ။ 


Android Phone ကို Unlock ပြုလုပ်တိုင်း ဆုငွေ ပေးမယ့် Apps နှစ်ခု ဖြစ်ပါတယ်။ သူက Lock Screen မှာ ကြော်ညာများ ပြသပေးမှာ ဖြစ်ပြီး ကြော်ညာများ ကြည့်တဲ့အတွက် သင့်ကို ဆုချီးမြှင့်တာပါ။ ကြော်ညာများကို လက်ဖြင့် ထိ၍ ကြည့်ရင် ဆုငွေ ပိုမို ရရှိပါတယ်။ ဒီ App ၂ ခုကို Android အတွက်သာ ဖန်တီးပေးထားပါတယ်။
Download : Slidejoy , Fronto
ref : gottabemobile
MMEBOOK. Powered by Blogger.